နအေိမျ About LOTTE HOTEL LOTTE Hotels တရားဝင်ဝက်ဘ်ဆိုက်တွင် စီအီးအိုမှ နှုတ်ခွန်းဆက်ခြင်း

LOTTE Hotels တရားဝင်ဝက်ဘ်ဆိုက်တွင် စီအီးအိုမှ နှုတ်ခွန်းဆက်ခြင်း

LOTTE Hotels & Resorts CEO

LOTTE Hotels မှာ ယခု ကမ္ဘာ့အလယ် ဝင်ရောက်လာပါပြီ။

စတင်တည်ထောင်ချိန် 1973 ခုနှစ် မှစပြီး ဧည့်သည်များထံမှ မေတ္တာများနှင့် ပံ့ပိုးမှုများကျေးဇူးဖြင့် LOTTE Hotels သည် ကမ္ဘာ့အဆင့်မှီ နိုင်ငံတကာ ဟိုတယ်အမှတ်တဆိပ်တစ်ခု အဖြစ်ရပ်တည်နိုင်ခဲ့ပြီး ဖြစ်ပါသည်။ 2010 ခုနှစ် ရုရှားနိုင်ငံတွင် LOTTE HOTEL MOSCOW ကိုဖွင့်လှစ်မှုမှ စတင်ကာ ကျွန်ုပ်တို့သည် ကမ္ဘာအနှံ့ ဟိုတယ်နှင့် အပန်းဖြေစခန်းပေါင်း 30 ကို နိုင်ငံ 7 နိုင်ငံတွင် အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ရာ နယူးယောက် (ယူအက်စ်အေ)၊ ဟနွိုင်း (ဗီယက်နမ်) နှင့် ရန်ကုန် (မြန်မာ) တို့ အပါအဝင်ဖြစ်သည်။
2015 ခုနှစ်တွင် LOTTE NEW YORK PALACE သည် အမေရိကန်နိုင်ငံ၏ စီးပွားရေးနှင့် ငွေကြေး အချက်အချာဌာနဖြစ်သော နယူးယောက်တွင်ဖွင့်လှစ်သည့် ပထမဆုံး ကိုရီးယားအမှတ်တံဆိပ်ဟိုတယ်ဖြစ်ပြီး ကမ္ဘာ့ အာရုံစိုက်မှုကို ရရှိခဲ့သည်။ LOTTE Hotels သည် နိုင်ငံရပ်ခြား ခရီးသွားလုပ်ငန်းတွင် ကိုရီးယားဈေးကွက်ကို ကျော်လွန်ကာ ကိုရီးယား သင်္ကေတ အမှတ်တံဆိပ် ဟိုတယ်တစ်ခုအဖြစ် ခိုင်မာစွာဆက်လက်ရပ်တည်နေမည်ဖြစ်သည်။

ပြောင်းလဲမှုမြန်သော ပတ်ဝန်းကျင်အတွင်း မပြောင်းလဲသော အရာတစ်ခုမှာ ကျွန်ုပ်တို့၏ ဧည့်သည်များအပေါ် ထားရှ

LOTTE Hotels သို့ လာရောက်သော ကျွန်ုပ်တို့၏ ဧည့်သည်များကို အတွေ့အကြုံထူးများ ရရှိစေရန် စီမံခန့်ခွဲသူများနှင့် ဝန်ထမ်းများအားလုံးမှာ အမြဲ စေတနာထားဆောင်ရွက်ပေးလျှက်ရှိပါသည်။ ထို့အပြင် LOTTE Hotels တွင် အကောင်းဆုံး ဇိမ်ခံဟိုတယ်များဖြစ်သည် ‘SIGNIEL’ ကြယ် 5 ပွင့် ‘LOTTE hotels’ လူမှုဘဝ ဟိုတယ်များ ‘L7’ ပရီမီယမ် လုပ်ငန်းရှင်ဟိုတယ်များ ‘LOTTE City Hotels’ နှင့် ‘LOTTE Resorts’ များအပါအဝင် ခရီးသွားမျိုးစုံအတွက် လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်သည့် အမှတ်တံဆိပ်များ ကျယ်ပြန့်စွာရှိပါသည်။ ကျွန်ုပ်တို့သည် သင့်အား ကမ္ဘာအနှံ့ မည်သည့်နေရာတွင်မဆို စိတ်ရင်းနှင့် ဝန်ဆောင်မှုပေးနိုင်ရန် မျှော်လင့်မိပါသည်။ ကျေးဇူးတင်ပါသည်။

ကင်မ်ဟွန်ဆစ်၊ LOTTE HOTELS & RESORTS ၏ စီအီးအို